ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။
No comments:
Post a Comment