Thursday, April 26, 2012

အ ဓီ ပ တိ လ မ်း မှာ မိုးေ တွ ရွာ....

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို သွားရောက် တွေ့ဆုံ




 ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။

Friday, April 20, 2012

Wednesday, April 18, 2012

ပြည်တွင်း-ပြည်ပ သံချပ်များ



ဒီနှစ်သင်္ကြန်ရဲ့ ပြည်တွင်း-ပြည်ပက သံချပ်တွေကို စုစည်းတင်ပြထားပါတယ်။

မန်း နဲ့ ရန်ကုန်သင်္ကြန်



ဒီနှစ် သင်္ကြန်မှာ ရိုးရာကို အလေးထားကျင်းပတဲ့ မန်းသင်္ကြန်နဲ့ ရန်ကုန်မြို့က ခေတ်သစ်သင်္ကြန်တွေကို စုစည်းတင်ပြထားပါတယ်။

Sunday, April 1, 2012

မြန်မာနိုင်ငံတွင် ၅ နာရီအတွင်း မဲပေးခွင့်ရှိသူ ခုနှစ်ဆယ်ရာခိုင်နှုန်း မဲပေးခဲ့


ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလဲဖြစ်တယ်
ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တဲ့အတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ပျက်စာရင်းဝင်နေတယ်လို့ မဲမပေနိုင်တဲ့ မိသားစု

၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်အိမ်သားလုံးမဲပေး ခွင့်ရခဲ့ပေမယ့် အခုကြားဖြတ်ရွေးကောက်ပွဲမှာ တစ်အိမ်သားလုံး နာမည်ပျက်စာရင်းဝင်နေတယ်လို့ မရမ်းကုန်းမြို့နယ် သန့်စင်လေးလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။