Sunday, October 21, 2012

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိသျဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နှင့်အဖွဲ့တို့ တွေဆုံ

 
၂၀-၁၀-၂၀၁၂ နေ့ ည ၆း၄၅ -၈း၃၀ နာရီအထိ နေပြည်တော်ရှိ သင်္ဂဟ ဟော်တယ်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိသျဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နှင့်အဖွဲ့တို့ တွေဆုံစဉ်။

Thursday, October 18, 2012

ကိုမင်းကိုနိုင်အတွက် မွေးနေ့ တေးလက်ဆောင်

 

DVB ပင်တိုင်တေးသံရှင် ထက်အောင်ရှိုင်း စပ်ဆိုပြီး လက်ဆောင်ပေးထားတဲ့ မွေးနေ့ တေးလက်ဆောင် သီချင်းပါ .. ပြည်ချစ်တဲ့ဇာနည် သန္ဒေသားတယောက်ကို တမိဝမ်းသန့် စင် ဖွားမြင်ခဲ့ပြီ မွန်မြတ်တဲ့ သူရဲ့  မျှ စိတ်ဓါတ်တွေသည် အနာဂတ်တို့ အတွက် အလင်းတန်း ဖြစ်စေမည် .. အမေလည်း ကျမ္မာပါစေ အကိုလည်း ကြားနိုင်ပါစေ ဒီမွေးနေ့  အချိန်မှာ ကျက်သရေထွန်းကာ အမှန်တရားအတွက် အကျိုးမဖက်တဲ့ သူ့ ရဲ့ စိတ်လိုရာ ပန်းတိုင်ရောက်အောင် ဒို့  ဆုတောင်းကြမည် ကိုမင်းကိုနိုင် မွေးနေ့ မှသည် ရှေ့ ဆက်လို့  ဆန္ဒများနဲ့  ဘ၀ တလျောက်လုံးထပ်တူ ငြိမ်းချမ်းပါစေလေ ဒို့ ပြည် စေတနာမြေမှာ အရာထင်ပါစေ အာဇာနည်မြတ် ဒို့  ကိုမင်းကိုနိုင်

Thursday, October 11, 2012

မိုးသီးဇွန် (သို့) တောထဲက ဘလူးစ်


ငယ်စဉ်ကျောင်းသားဘ၀ကတည်းက လက်ဝဲစာပေတွေနဲ့ ကြီးပြင်းလာခဲ့တဲ့လူတစ်ယောက်။ သမိုင်းတစ်ကွေ့ရဲ့ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်ခဲ့ရင်း အနှစ် ၂၀ကျော်မှ ဇာတိမြေကို ပြန်ရောက်ပြီး အားအင်အသစ်တွေနဲ့ နိုင်ငံသစ်ကြီးတစ်ခု တည်ဆောက်ချင်နေတဲ့သူ။ အိုင်ဒီရော်လော်ဂျီတိုက်ပွဲထဲကနေ တော်လှန်ရေးသမားဖြစ်လာခဲ့တဲ့ သူ။ သွေးမုန်တိုင်းတွေကြား၊ တိုက်ခိုက်မှုတွေကြားမှာ ထနောင်းပင်တွေလို လေပူ၊ နေပူအောက်မှာ မားမားကြီးရပ်ရင်း နိုင်ငံရေးအတွက် စိတ်ဆုံးဖြတ်ထားသူတစ်ယောက်ရဲ့ ဖျတ်ခနဲ ရုပ်ပုံကားချပ်။ ကမာရွတ်မီဒီယာက အောက်တိုဘာ ဒုတိယပတ်ထဲမှာ ထုတ်လွှင့်မယ့် "မိုးသီးဇွန် (သို့) တောထဲက Blues"

Saturday, October 6, 2012

ဧရာဝတီ ကယ်တင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား (ရုပ်သံ)


ဧရာဝတီရှင်သန်မှုအတွက် ဧရာဝတီ ကယ်တင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဲ့ဒီ အခမ်းအနားမှာ အဆိုတော် ဂျေဥက္ကာ၊ လင်းလင်း၊ အောင်အောင်တို့မှ ဧရာဝတီသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ပြီး နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ ဧရာဝတီရှင်သန်ရေး ကူညီဆောင်ရွက်နေသူများနှင့် ပြည်သူလူထု အယောက် ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Friday, September 21, 2012

NED 2012 Democracy Award Ceremony အတွက် (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်း

 
စက်တင်ဘာလ ၂၀ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ တွင် ပြုလုပ်သော NED 2012 Democracy Award Ceremony အတွက် မတက်ရောက်နိုင်သော ၎င်းဆုရှင်တစ်ဦးဖြစ်သူ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်းကို ရန်ကုန်မြို့မှ ပေးပို့ခဲ့သည်။ (88 Generation Students)

Saturday, September 15, 2012

Daw Aung San Suu Kyi Accepts Congressional Gold Award


ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့အတွက် ကျေးဇူး တင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။ ဒီအချိန်ကိုစောင့်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။ တချို့ဆိုရင် ကျမ နေအိမ်မှာအကျယ်ချုပ် အချခံထားစဉ်ကတည်းက တွေ့ဖူးခဲ့တဲ့သူတွေဖြစ်တဲ့အပြင်၊ တချို့ဆိုလည်း လွတ်လာပြီးနောက်ပိုင်းမှာ တွေ့ခဲ့ရသူတွေပါ။ ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ နေရာတိုင်းမှာ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဟာ စောင့်ရကျိုးနပ် တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒီကနေ့ ကျမကိုဂုဏ်ပြုချီးမြှင့်လိုက်တဲ့ ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်က ထာဝရရှေ့တန်းကနေပြီး မားမားမတ်မတ်ထောက်ခံသွားမယ်ဆိုတာကို ပြသလိုက်တာပါပဲ။ 

Saturday, September 8, 2012

စုပေါင်းဖြေရှင်းကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်

မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေတဲ့ ပြည်ပရောက် ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

Thursday, July 26, 2012

ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့်


 ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၁) မြင့်မိုးအောင် (တေးရေး) မြင့်မိုးအောင် ပြောတဲ့ အမှတ်တရ အကြောင်းများ နှင့် ထူးအိမ်သင်ရဲ ပထမဆုံး ကိုယ်ပိုင်သံစဉ်သီချင်း "ဝေးသွားတဲ့အခါ"

ကိုနေဝင်းရဲ့ ဂီတဖြတ်သန်းမှု နဲ့ သူ့သီချင်းတချို့အကြောင်း

ကိုယ့်ရပ်ဌာနေ



ကိုယ့်ရပ်ဌာနေ ကို လွမ်းသူများအတွက် အလွမ်းပြေ......

Tuesday, July 17, 2012

Thursday, April 26, 2012

အ ဓီ ပ တိ လ မ်း မှာ မိုးေ တွ ရွာ....

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို သွားရောက် တွေ့ဆုံ




 ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။

Friday, April 20, 2012

Wednesday, April 18, 2012

ပြည်တွင်း-ပြည်ပ သံချပ်များ



ဒီနှစ်သင်္ကြန်ရဲ့ ပြည်တွင်း-ပြည်ပက သံချပ်တွေကို စုစည်းတင်ပြထားပါတယ်။

မန်း နဲ့ ရန်ကုန်သင်္ကြန်



ဒီနှစ် သင်္ကြန်မှာ ရိုးရာကို အလေးထားကျင်းပတဲ့ မန်းသင်္ကြန်နဲ့ ရန်ကုန်မြို့က ခေတ်သစ်သင်္ကြန်တွေကို စုစည်းတင်ပြထားပါတယ်။

Sunday, April 1, 2012

မြန်မာနိုင်ငံတွင် ၅ နာရီအတွင်း မဲပေးခွင့်ရှိသူ ခုနှစ်ဆယ်ရာခိုင်နှုန်း မဲပေးခဲ့


ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလဲဖြစ်တယ်
ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တဲ့အတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ပျက်စာရင်းဝင်နေတယ်လို့ မဲမပေနိုင်တဲ့ မိသားစု

၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်အိမ်သားလုံးမဲပေး ခွင့်ရခဲ့ပေမယ့် အခုကြားဖြတ်ရွေးကောက်ပွဲမှာ တစ်အိမ်သားလုံး နာမည်ပျက်စာရင်းဝင်နေတယ်လို့ မရမ်းကုန်းမြို့နယ် သန့်စင်လေးလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

Saturday, March 31, 2012

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲရုံအမှတ် (၃) တွင် အခက်အခဲရှိနေ


မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲရုံအမှတ် (၃) တွင် မဲပြားအမှန်ခြစ်ရာမှာ အခက်အခဲရှိနေတယ်လို့ အဲဒီမဲရုံမှာ မဲပေးခဲ့သူတစ်ဦးက Burma VJ Media ကိုပြောပါတယ်။

Aung San Suu Kyi warns of irregularities in polls


ဒုရဲအုပ် အောင်ဇော်ဦးမှ ဆိုင်ကယ် သိမ်းလိုသဖြင့် ဖမ်းဆီးမည် ထောင်ချမည် ကလေးထောင်ပို့မည်ဟု ခြိမ်းခြောက်

ကျောင်းသူလေးမှပြောကြားချက်

ကျောင်းသူလေးမိခင်မှပြောကြားချက်


မိတ္ထီလာမြို့ ပျဉ်သာအုပ်စု ပျဉ်သာကျေးရွာနေ အဖ ဦးပေါ်ဦး အမိ
ဒေါ်မြခင်တို့၏ သမီးဖြစ်သူ မမေသူအောင် ၁၀တန်းကျောင်းသူသည် ရွှေရင်မျှော်
ဘုရားသို့သွားရောက်ပြီး ပြန်အလာ ရွာကြီးဇရပ်နားအရောက် နေ့လည် (၁၂:၀၀)နာရီ
အချိန်တွင် နေပူပြင်းသဖြင့် ဆိုင်ကယ်မောင်းနေစဉ်
နှာခေါင်းသွေးယိုကျလာသောကြောင့် ရုတ်တရက် လန့်ကာ ဆိုင်ကယ်အရပ်တွင်
လဲကျသွားခဲ့ပါသည်။ထိုအခါ အနီးနားတွင် လမ်းပြင်နေကြသော အလုပ်သမားများမှ
လမ်းကြုံကားတစ်စီးဖြင့် သာစည်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။

ဒေါ်စု ကော့မှုးမြို့နယ် ရောက်ရှိ (ဗွီဒီယို)

ကောမှုးမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် အရွေးခြယ်ခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့နယ် ၀ါးသင်္ခံကျေးရွာကို မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ရောက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ လာရောက်စဉ်မှာပဲ ကော့မှုးမှာ NLD ပါတီ မဲဆွယ်ရေးအဖွဲ့တွေကို အနှောက်အယှက်တွေ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကတော့ ဒီလို နှောက်ယှက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ယူဆပြီး၊ ဒေါ်အာင်ဆန်းစုကြည် ခရီးစဉ်အတွက် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ၀ါးသင်္ခံကျေးရွာကို ငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိ အနားယူနေပြီး၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီက မဲရုံတွေကို လှည့်လည်ကြည့်မယ်လို့ သိရပါတယ်။

မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မ၇ှိသေးဟုသိ၇သည်....

VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားပြောင်းလဲမှုတွေ အတွက် ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားမှသည် တိုင်းပြည်ရဲ့အနာဂတ်ကို ဖန်တီးနိုင်ဖို့ အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်
ရွေးကောက်ပွဲမှာ မဲပေး မမှားဖို့ အနုပညာရှင်တွေက တိုက်တွန်း လိုက်ပါသည်။
VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ
ချစ်သုဝေ (အဆိုတော်)

Tuesday, February 28, 2012

အမျိုးသမီးတွေရှေ့ထွက်

အမျိုးသမီးတွေရှေ့ထွက် by Chaw Su Khin, Kabyar Bwe Mhoo, Mee Mee Khel, Thanthar Win, Shin Phone, Khin Bone, Nge Nge, Sandi Myint Lwin and Ni Ni Khin Zaw

Sunday, February 5, 2012

မဂ္ဂင်ကျောင်းတိုက်က သံဃာတော် တွေကို အာဏာပိုင်တွေက မောင်းထုတ် ပြီး၊ ကျောင်းကိုပိတ်လိုက်တဲ့ ဗွီဒီယိုမှတ်တမ်း



ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ကုလ လူ့​အခွင့်​အ​ရေး​ ကိုယ်စား​လှယ် ​သောမတ် အို​ဟေး​ ကန်တား​နား​တို့​ ​တွေ့​ဆုံ ​ပြီး သတင်းစာရှင်းလင်ပွဲပြုလုပ်


၂၀၁၂ ​ဖေ​ဖော်ဝါရီ ၃ ရက်၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ကုလ လူ့​အခွင့်​အ​ရေး​ ကိုယ်စား​လှယ် ​သောမတ် အို​ဟေး​ ကန်တား​နား​တို့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ကြပြီး​နောက် မီဒီယာများ​နဲ့​ ​တွေ့​ဆုံ။

Wednesday, January 11, 2012

မင်းကိုနိုင် ခွန်ထွန်းဦး နဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကို အမြန်ဆုံးလွှတ်ပေးပါ


မင်းကိုနိုင် ခွန်ထွန်းဦး နဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၁၈၀၀ ကို အမြန်ဆုံးလွှတ်ပေးပါလို့ ဒီသီချင်းလေးနဲ့ လက်ချင်းဆက်ပြီး တောင်းဆိုကြပါစို့နော်။ နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသား များ အမြန်ဆုံးလွှတ်ပေးပါ မင်းကိုနိုင် နဲ့ ၁၈၀၀ ကို ပြည်သူလူထုဆန္ဒလိုက်လျှောပေးကြပါ သမ္မတကြီးရာ လူကိုလူလိုမြင်ကြဖို့ ကမ္ဘာနဲ့ရပ်တည်မှာ မလွတ်ပေးမချင်း ဇွဲမလျှော့ဘူး ကမ္ဘာနဲ့ရပ်တည်မှာ

Tuesday, January 10, 2012

Free Political Prisoens- Sunday White Campaign


နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှု