Friday, September 21, 2012

NED 2012 Democracy Award Ceremony အတွက် (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်း

 
စက်တင်ဘာလ ၂၀ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ တွင် ပြုလုပ်သော NED 2012 Democracy Award Ceremony အတွက် မတက်ရောက်နိုင်သော ၎င်းဆုရှင်တစ်ဦးဖြစ်သူ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်းကို ရန်ကုန်မြို့မှ ပေးပို့ခဲ့သည်။ (88 Generation Students)

Saturday, September 15, 2012

Daw Aung San Suu Kyi Accepts Congressional Gold Award


ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့အတွက် ကျေးဇူး တင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။ ဒီအချိန်ကိုစောင့်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။ တချို့ဆိုရင် ကျမ နေအိမ်မှာအကျယ်ချုပ် အချခံထားစဉ်ကတည်းက တွေ့ဖူးခဲ့တဲ့သူတွေဖြစ်တဲ့အပြင်၊ တချို့ဆိုလည်း လွတ်လာပြီးနောက်ပိုင်းမှာ တွေ့ခဲ့ရသူတွေပါ။ ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ နေရာတိုင်းမှာ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဟာ စောင့်ရကျိုးနပ် တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒီကနေ့ ကျမကိုဂုဏ်ပြုချီးမြှင့်လိုက်တဲ့ ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်က ထာဝရရှေ့တန်းကနေပြီး မားမားမတ်မတ်ထောက်ခံသွားမယ်ဆိုတာကို ပြသလိုက်တာပါပဲ။ 

Saturday, September 8, 2012

စုပေါင်းဖြေရှင်းကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်

မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေတဲ့ ပြည်ပရောက် ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။