Sunday, October 21, 2012

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိသျဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နှင့်အဖွဲ့တို့ တွေဆုံ

 
၂၀-၁၀-၂၀၁၂ နေ့ ည ၆း၄၅ -၈း၃၀ နာရီအထိ နေပြည်တော်ရှိ သင်္ဂဟ ဟော်တယ်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိသျဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နှင့်အဖွဲ့တို့ တွေဆုံစဉ်။

Thursday, October 18, 2012

ကိုမင်းကိုနိုင်အတွက် မွေးနေ့ တေးလက်ဆောင်

 

DVB ပင်တိုင်တေးသံရှင် ထက်အောင်ရှိုင်း စပ်ဆိုပြီး လက်ဆောင်ပေးထားတဲ့ မွေးနေ့ တေးလက်ဆောင် သီချင်းပါ .. ပြည်ချစ်တဲ့ဇာနည် သန္ဒေသားတယောက်ကို တမိဝမ်းသန့် စင် ဖွားမြင်ခဲ့ပြီ မွန်မြတ်တဲ့ သူရဲ့  မျှ စိတ်ဓါတ်တွေသည် အနာဂတ်တို့ အတွက် အလင်းတန်း ဖြစ်စေမည် .. အမေလည်း ကျမ္မာပါစေ အကိုလည်း ကြားနိုင်ပါစေ ဒီမွေးနေ့  အချိန်မှာ ကျက်သရေထွန်းကာ အမှန်တရားအတွက် အကျိုးမဖက်တဲ့ သူ့ ရဲ့ စိတ်လိုရာ ပန်းတိုင်ရောက်အောင် ဒို့  ဆုတောင်းကြမည် ကိုမင်းကိုနိုင် မွေးနေ့ မှသည် ရှေ့ ဆက်လို့  ဆန္ဒများနဲ့  ဘ၀ တလျောက်လုံးထပ်တူ ငြိမ်းချမ်းပါစေလေ ဒို့ ပြည် စေတနာမြေမှာ အရာထင်ပါစေ အာဇာနည်မြတ် ဒို့  ကိုမင်းကိုနိုင်

Thursday, October 11, 2012

မိုးသီးဇွန် (သို့) တောထဲက ဘလူးစ်


ငယ်စဉ်ကျောင်းသားဘ၀ကတည်းက လက်ဝဲစာပေတွေနဲ့ ကြီးပြင်းလာခဲ့တဲ့လူတစ်ယောက်။ သမိုင်းတစ်ကွေ့ရဲ့ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်ခဲ့ရင်း အနှစ် ၂၀ကျော်မှ ဇာတိမြေကို ပြန်ရောက်ပြီး အားအင်အသစ်တွေနဲ့ နိုင်ငံသစ်ကြီးတစ်ခု တည်ဆောက်ချင်နေတဲ့သူ။ အိုင်ဒီရော်လော်ဂျီတိုက်ပွဲထဲကနေ တော်လှန်ရေးသမားဖြစ်လာခဲ့တဲ့ သူ။ သွေးမုန်တိုင်းတွေကြား၊ တိုက်ခိုက်မှုတွေကြားမှာ ထနောင်းပင်တွေလို လေပူ၊ နေပူအောက်မှာ မားမားကြီးရပ်ရင်း နိုင်ငံရေးအတွက် စိတ်ဆုံးဖြတ်ထားသူတစ်ယောက်ရဲ့ ဖျတ်ခနဲ ရုပ်ပုံကားချပ်။ ကမာရွတ်မီဒီယာက အောက်တိုဘာ ဒုတိယပတ်ထဲမှာ ထုတ်လွှင့်မယ့် "မိုးသီးဇွန် (သို့) တောထဲက Blues"

Saturday, October 6, 2012

ဧရာဝတီ ကယ်တင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား (ရုပ်သံ)


ဧရာဝတီရှင်သန်မှုအတွက် ဧရာဝတီ ကယ်တင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဲ့ဒီ အခမ်းအနားမှာ အဆိုတော် ဂျေဥက္ကာ၊ လင်းလင်း၊ အောင်အောင်တို့မှ ဧရာဝတီသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ပြီး နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ ဧရာဝတီရှင်သန်ရေး ကူညီဆောင်ရွက်နေသူများနှင့် ပြည်သူလူထု အယောက် ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။