Saturday, March 31, 2012

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲရုံအမှတ် (၃) တွင် အခက်အခဲရှိနေ


မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲရုံအမှတ် (၃) တွင် မဲပြားအမှန်ခြစ်ရာမှာ အခက်အခဲရှိနေတယ်လို့ အဲဒီမဲရုံမှာ မဲပေးခဲ့သူတစ်ဦးက Burma VJ Media ကိုပြောပါတယ်။

Aung San Suu Kyi warns of irregularities in polls


ဒုရဲအုပ် အောင်ဇော်ဦးမှ ဆိုင်ကယ် သိမ်းလိုသဖြင့် ဖမ်းဆီးမည် ထောင်ချမည် ကလေးထောင်ပို့မည်ဟု ခြိမ်းခြောက်

ကျောင်းသူလေးမှပြောကြားချက်

ကျောင်းသူလေးမိခင်မှပြောကြားချက်


မိတ္ထီလာမြို့ ပျဉ်သာအုပ်စု ပျဉ်သာကျေးရွာနေ အဖ ဦးပေါ်ဦး အမိ
ဒေါ်မြခင်တို့၏ သမီးဖြစ်သူ မမေသူအောင် ၁၀တန်းကျောင်းသူသည် ရွှေရင်မျှော်
ဘုရားသို့သွားရောက်ပြီး ပြန်အလာ ရွာကြီးဇရပ်နားအရောက် နေ့လည် (၁၂:၀၀)နာရီ
အချိန်တွင် နေပူပြင်းသဖြင့် ဆိုင်ကယ်မောင်းနေစဉ်
နှာခေါင်းသွေးယိုကျလာသောကြောင့် ရုတ်တရက် လန့်ကာ ဆိုင်ကယ်အရပ်တွင်
လဲကျသွားခဲ့ပါသည်။ထိုအခါ အနီးနားတွင် လမ်းပြင်နေကြသော အလုပ်သမားများမှ
လမ်းကြုံကားတစ်စီးဖြင့် သာစည်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။

ဒေါ်စု ကော့မှုးမြို့နယ် ရောက်ရှိ (ဗွီဒီယို)

ကောမှုးမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် အရွေးခြယ်ခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့နယ် ၀ါးသင်္ခံကျေးရွာကို မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ရောက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ လာရောက်စဉ်မှာပဲ ကော့မှုးမှာ NLD ပါတီ မဲဆွယ်ရေးအဖွဲ့တွေကို အနှောက်အယှက်တွေ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကတော့ ဒီလို နှောက်ယှက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ယူဆပြီး၊ ဒေါ်အာင်ဆန်းစုကြည် ခရီးစဉ်အတွက် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ၀ါးသင်္ခံကျေးရွာကို ငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိ အနားယူနေပြီး၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီက မဲရုံတွေကို လှည့်လည်ကြည့်မယ်လို့ သိရပါတယ်။

မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မ၇ှိသေးဟုသိ၇သည်....

VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားပြောင်းလဲမှုတွေ အတွက် ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားမှသည် တိုင်းပြည်ရဲ့အနာဂတ်ကို ဖန်တီးနိုင်ဖို့ အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်
ရွေးကောက်ပွဲမှာ မဲပေး မမှားဖို့ အနုပညာရှင်တွေက တိုက်တွန်း လိုက်ပါသည်။
VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ
ချစ်သုဝေ (အဆိုတော်)