Wednesday, July 13, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ်



The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက် ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသမီး Michelle Yeohမှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ် လို့ မျှော်လင့်ကြောင်း ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားပါတယ်..။
မင်းသမီး Michelle Yeoh ရဲ့ တရုတ်လို အင်တာဗျူးအပြီးမှာ လာမည့် အောက်တိုဘာမှာ ရုံတင်တော့မယ့် The Lady ရုပ်ရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အင်္ဂလိပ်လို အင်တာဗျူး နားထောင်နိုင်ပါတယ်...။

No comments:

Post a Comment